
ယာဉ် ၊ ယန္တရားတို့ရဲ့ ပြောစကားကို နားလည်နိုင်မည့်
တစ်ခုတည်းသောနည်းလမ်း

GoSafe သည် ကိုယ်ပိုင်ဆာဗာနှင့် ဂျီပီအက်စ်ပလက်ဖောင်း ရှိသော ကုမ္ပဏီအဖွဲ့အစည်း ဖြစ်ပါသည်။ လူအများ ပေါ့ပေါ့ပါးပါး လွယ်လင့်တကူ သုံးနိုင်အောင် ဈေးနှုန်းသက်သာသော ဂျီပီအက်စ်များအား ရောင်းချသလို ရေရှည်အတွက် စိတ်ချခိုင်မာမှုကို ဦးစားပေးလိုပြီး တပ်ဆင်ထားသော ဂျီပီအက်စ်တို့အား စီမံခန့်ခွဲမှုကိစ္စတို့ဖြင့် ဝန်ထုပ်ဝန်ပိုးလုံးဝမရှိလိုသော အဖွဲ့အစည်းများအတွက်လည်း ကိုယ်ပိုင်ဆာဗာဖြင့် အထူးဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။
GoSafe Co., Ltd.

Vehicle trackers
ကား ၊ ဆိုင်ကယ် ၊ ထွန်စက် စသည့် စက်တပ်ယာဉ် တို့အတွက် ရာသက်ပန် ဆာဗာကြေးများ ပေးဆောင်အပြီး သုံးလ/ခြောက်လစာ ပြန်လည်စစ်ဆေး ကြည့်ရှုနိုင်သည့် တယ်လီမက်တစ်စနစ်သုံး အဆင့်မြင့် GPS များအား လေ့လာဝယ်ယူနိုင်ရန် ဖိတ်ခေါ်ပါတယ်။

Personal trackers
ကျောပိုးအိတ်၊ လက်ကိုင်အိတ် တို့ထဲ ထည့်သယ် သွားနိုင်တဲ့GPS tracker ဖြစ်ပါတယ်။၉၆နာရီထိ အသုံးခံပြီး ရောက်ရှိ တည်နေရာနှင့် သွားခဲ့သမျှ ပြန်ကြည့်နိုင်သလို အရေးကြီး ကုန်ပစ္စည်းတို့ အထဲမှာ ထည့်ပေးလိုက်ခြင်းဖြင့် ဘယ်နေရာ ဘယ်မြို့ ရောက်ပြီ ဆိုတာသိနိုင်ဖို့ Asset tracker အဖြစ်လည်းသုံးနိုင်ပါသေးတယ်။

Mobile DVR
MDVR သည် အရုပ် ၊ အသံ၊ တည်နေရာ ၊ လားရာနှင့် အမြန်နှုန်း စသည့် တို့ကို မှတ်တမ်းတင် သိမ်းဆည်းပေးသလို အဝေး တနေရာကနေ စောင့်ကြည့် ညွှန်ကြားခြင်းဖြင့် မလိုလားအပ်သော အခြေအနေများ မဖြစ်ရလေအောင် ထိန်းချုပ် ကွပ်ကဲပေးနိုင်သော ခေတ်မီနည်းစနစ်တစ်ခု ဖြစ်ပါတယ်။

Real Time Tracking
ကား၊ဆိုင်ကယ်၊ စက်လှေ၊ ထွန်စက်တို့ အတွင်းပိုင်းမှာ လျှို့ဝှက် တပ်ဆင်ထား နိုင်ပါတယ်။ဘယ်လောက် အမြန်နှုန်းဖြင့် ဘယ်ကို သွားနေသလဲ live ထိုင်ကြည့်နေနိုင်တယ်။
SMS၊ဖုန်း APP ၊ ကွန်ပျူတာ နည်းလမ်းသုံးမျိုးဖြင့် ရောက်ရှိနေရာကို သိနိုင်တယ်။

History Route (Playback)
ဘယ်နေ့ဘယ်အချိန်က ဘယ်ကိုသွားခဲ့သလဲ ဆိုတာတွေကို အချိန်ပိုင်းအလိုက်၊ ရက်အလိုက်၊ လအလိုက် မောင်းချိန်၊ ရပ်နားချိန်၊ သွားခဲ့သမျှခရီးမိုင် ခရီးလမ်းကြောင်း စတာတွေကို ခြောက်လ၊ သုံးလစာ ပြန်ကြည့်နိုင်တယ်

Geofence
မိမိကားကို နယ်မထွက်ရ ၊ နယ်မကျော်ရ စည်းမျဉ်းဖြင့် အငှားချထားပါက ပုံမှန်အားဖြင့် အဲ့ဒီကားနယ်ကျော်မောင်း မမောင်း ဘယ်လိုလုပ် သိနိုင်ပ့ါမလဲ။ ဂျီပီအက်စ်သာ တပ်ထားမယ်ဆို ကန့်သတ်ဧရိယာကျော်တာနှင့် ပိုင်ရှင်အား message ပို့အသိပေးသည့်အတွက် ချက်ချင်းသိနိုင်ပါလိမ့်မယ်။

Voice Monitoring Cut-Off Fuel
အခိုးခံရလို့ပဲဖြစ်ဖြစ် မိမိကားကို တစ်ယောက်ယောက် မောင်းသွားတဲ့ အခါ SMS ဖြင့်ဖြစ်စေ ၊ APP ကနေ ဖြစ်စေ ဆီလိုင်းဖြတ်ပြီး ကားစက်သေသွားအောင် ဖုန်းလိုင်းမိတဲ့ မည်သည့်နေရာ ကနေမဆို အဝေးကနေ စက်လှမ်းပိတ်နိုင်တယ်။ ကားအတွင်းက အသံများကို တိုက်ရိုက် နားထောင်နိုင်တယ်။

Overspeed Alarm
ဘယ်နေရာမှာ ဘယ်လောက် အရှိန်ပြင်းပြင်းဖြင့် မောင်းသွားသလဲ ဆိုတာသိနိုင်တယ်။ ရပ်ထားတဲ့မိမိကားကို ဝင်တိုက်မိတာမျိုး ၊ ကားဆွဲခံရတဲ့အခါမျိုး၊ မိမိမသိပဲ ဝပ်ရှော့မှာ ပြင်ဆင်တာ တခုခု ဖြုတ်လဲတဲ့အခါမျိုး စသဖြင့် ကားစက်မနှိုးထားပဲ တုန်ခါမှု ဖြစ်တဲ့အခါမျိုးမှာ ပိုင်ရှင်ထံ SMS alert များပို့ပေးနိုင်တယ်

Report
ဂျီပီအက်စ်နဲ့သာဆို ကိုယ်ခိုင်းတဲ့လမ်းကြောင်း သွားရဲ့လား ၊ ဘယ်နေရာမှာ လိုတာထက် ပိုရပ်နေသလဲ စတာတွေ အပါအဝင် တနေ့ချင်းအလိုက်ဖြစ်စေ ၊ တလချင်း အလိုက်ဖြစ်စေ စုစုပေါင်းမောင်းတဲ့ ခရီမိုင်ကို report ထုတ်ယူနိုင်တဲ့ အတွက် ဆီကုန်ကျမှုကို ခန့်မှန်းတွက်ချက် နိုင်စေပါတယ်။
GPS Device တို့သည် ရောက်ရှိတည်နေရာ ၊ ဦးတည်ရာနှင့် သွားနေသောအမြန်နှုန်းတို့ကို ဖော်ပြနိုင်ဖို့အတွက် များစွာအခရာကျပါတယ်။ သို့သော်ငြားလည်း သူ့ချည်းပင်မဟုတ် …. မျက်စိဖြင့်မြင်နိုင်တဲ့ ရှေ့တန်းထွက် GPS device ချည်းသာမက နောက်ကွယ်က သူနှင့်အတူ လက်တွဲလုပ်ဆောင်ကြမယ့် Fleet Management Software ၊ Realtime Response System တို့ရဲ့အရေးပါမှုတို့ကို GoSafe မှ ကောင်းစွာနားလည်သဘောပေါက် ထားပါတယ်
Our experts

Sales&Service Manager
Mandalay Office
09770963311
wine ko ko

Sales&Service Manager
Yangon Office
09442299771
myat thu

Sales&Service Manager
MonYwa Office
09789186447
phone myint maw
Visit Us
GoSafe (ရန်ကုန်)
အမှတ်၇၉ (မြေညီ) ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ် ၊ ရန်ကုန်
09442299772 ၊ 09456333033
GoSafe (မန္တလေး)
၆၂လမ်း ၊ လမ်း၃၀နှင့် ၃၁လမ်း ကြား ၊ မန္တလေးမြို့
09770963311 ၊ 09770963322
GoSafe (မုံရွာ)
အမှတ်၉/၄၇ ၊ စကားဝါလမ်း ၊ ဒါနခြံရပ်ကွက် ၊ ပြည်သူ့ဆေးရုံမြောက်ဘက် ၊ မုံရွာမြို့
09789186447
Our clients







