ယာဉ် ၊ ယန္တရားတို့ရဲ့ ပြောစကားကို နားလည်နိုင်မည့်

တစ်ခုတည်းသောနည်းလမ်း

www.gosafemyanmar.com

GoSafe ၏ ကိုယ်ပိုင်ဆာဗာနှင့် ဂျီပီအက်စ်ပလက်ဖောင်း

GoSafe သည် ကိုယ်ပိုင်ဆာဗာနှင့် ဂျီပီအက်စ်ပလက်ဖောင်းရှိသော ကုမ္ပဏီအဖွဲ့အစည်း ဖြစ်ပါသည်။ လူအများ ပေါ့ပေါ့ပါးပါး လွယ်လင့်တကူသုံးနိုင်အောင် ဈေးနှုန်းသက်သာသော ဂျီပီအက်စ်များ ရောင်းချသလို ရေရှည်အတွက် စိတ်ချခိုင်မာမှုကို ဦးစားပေး လိုပြီး တပ်ဆင်ထားသော ဂျီပီအက်စ်တို့အား စီမံခန့်ခွဲမှုကိစ္စတို့ဖြင့် ဝန်ထုပ်ဝန်ပိုးလုံးဝမရှိလိုသော အဖွဲ့အစည်းများအတွက်လည်း ကိုယ်ပိုင်ဆာဗာဖြင့် အထူးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

downtime နည်းပါးခြင်း

ကိုယ်ပိုင်ဆာဗာဖြစ်သည့်အတွက် ချွတ်ယွင်းမှုဖြစ်လာရင် မည်သူ့ကိုမှ၊ ပစ္စည်းထုတ်လုပ် သူဖြစ်စေ မည်သည့်ပြင်ပ အဖွဲ့ကိုမှ အကူအညီတောင်း အကြောင်းကြားရန်၊ စောင့်ဆိုင်းရန် မလိုပါ။ GoSafe မှ အချိန်နှင့် တပြေးညီ ချက်ချင်းပြင်ဆင်ပေး နိုင်ပါသည်။

Function စုံပါရှိခြင်း

GoSafe Server တွင် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ပလက်ဖောင်းကို သုံးထားသည့် အတွက် အသုံးသူတို့ လိုအပ်သမျှ ပါသင့်ပါထိုက်သော function အားလုံးအစုံအလင် ပါရှိပြီး ရှင်းရှင်းလင်းလင်း နှင့် လွယ်လွယ်သုံးနိုင်မည့် အကြောင်း တာဝန်ယူပါသည်။

GPS ပြောင်းသုံးနိုင်ခြင်း

ကိုယ်ပိုင် Server ဖြစ်ခြင်းရဲ့ နောက်ထပ်အားသာချက်သည် GPS အမျိုးအမည် Brand ပေါ်တွင် မှီခိုနေမှုမရှိခြင်းဖြစ် ပါသည်။ လက်ရှိသုံးနေသော GPSအမျိုးအစား ထပ်ဝယ်မရ တော့တဲ့အခါဖြစ်စေ၊ စွမ်းရည်ပိုကောင်းမည့်တစ်ခုကို သုံးစွဲချင်တဲ့ အခါဖြစ်စေ အချိန်မရွေး အခြားအမျိုးအစား တစ်ခုဖြင့် အစားထိုးပြောင်းလဲအသုံးပြုနိုင်ပါသည်။

Map အမျိုးအမယ်များပြားခြင်း

Google၊ Mapbox ၊ Bing ၊ OSM အစရှိတဲ့ နာမည်ကြီးအသုံးများသော မြေပုံမျိုးစုံထဲက မိမိနှင့် အဆင်ပြေသော map ဖြင့်ရွေးကြည့်နိုင်ပါတယ်။ Andriod ၊ Iphone (IOS) ၊ ကွန်ပျူတာတို့ကနေ အသုံးပြုနိုင်ပါသည်။

Account ခွဲများထားသုံးနိုင်ခြင်း

အရေအတွက်များသည့်အခါ main account တစ်ခုတည်း မဟုတ်ပဲ account ခွဲများ လိုသလို ဆောက်ပြီး လုပ်ငန်းများ ခွဲဝေကြီးကြပ်နိုင်ပါတယ်။ ဆိုရရင် တပ်ထားသောကားများကို လုပ်ငန်းအလိုက်၊ အမျိုးအစားအလိုက် အုပ်စုများခွဲပြီး စုစည်း ထားမယ်။ ပြီးလျင် ဘယ်အုပ်စုခွဲကိုတော့ ဘယ် account ခွဲနှင့် သက်ဆိုင်တယ်လို့ သတ်မှတ်ပေးလိုက်ရင် ယင်း account သည် သူနှင့် သက်ဆိုင်သော Group အောက်မှာ ရှိသော ကားများ ကို စောင့်ကြည့် ကြီးကြပ်ခွင့်ရသွားပါမည်။ အခြား Group မှ ကားများကိုတော့ မြင်ရမှာမဟုတ်ပါ။ Main account ကတော့ ကားအားလုံးကို စောင့်ကြည့်စီမံနိုင်ပါမည်။

Account ခွဲများထားသုံးနိုင်ခြင်း

နယ်ကျော်မောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်း၊ ပြင်းထန်စွာတုန်ခါခြင်း စသည်ဖြင့် အကြောင်း အရာ မျိုးစုံအတွက် Alert မျိုးစုံလိုသလိုရယူနိုင်သလို ရပ်ချိန်၊ နားချိန် မောင်းချိန် စတာတွေကိုလည်း အချိန်နှင့်တပြေးညီ သိနိုင်ပါသည်။တစ်နေ့စာ၊ တစ်ပါတ်စာ တစ်လစာ၊ တစ်နှစ်စာ စသဖြင့် မောင်းခဲ့တဲ့ ခရီးမိုင်စုစုပေါင်းကို သိချင်တဲ့ကာလ အပိုင်းအခြားအလိုက် အသေးစိတ် Report များ ထုတ်ယူနိုင်သလို ကားတစ်စီးချင်းစီအလိုက် ဆီကုန်ကျမှုကို ခန့်မှန်းတွက်ချက်နိုင်ပါသည်။

Visit Us

  • No-79,Ground Floor,HleDan Road,Kamaryut TSP,Yangon,Myanmar.
  • sales@gosafegps.com
  • 09 77 88 59 626
  • 09 44 22 99 772